တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဆွဟာဗဟ်သာဝကတချို့သည် ကိုယ်တော်၏ ဇနီးကြင်ယာတော်တွေရဲ့အိမ်တွေဆီကို လာရောက်ပြီး ကိုယ်တော်၏ အိမ်တွင်း၌ လျှို့ဝှက်ပြုလုပ်အပ်သော အေဗာဒသ်ခဝပ်ဆည်းကပ်မှုအကြောင်း မေးမြန်းခဲ့ကြသည်။ ၎င်းတို့အား (ကိုယ်တော်၏ အေဗာဒသ်ခဝပ်ဆည်းကပ်မှုအကြောင်း) ပြောပြသည့်အခါ သူတို့သည် ထိုဝတ်ပြုမှုကို နည်းပါးသည်ဟု ထင်မြင်ကြပြီး ဤသို့ ပြောဆိုခဲ့ကြသည်- "ကျွန်ုပ်တို့နှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အဘယ်သို့တူနိုင်မည်နည်း။ ကိုယ်တော်သည် ရှေ့ယခင်ပြုခဲ့သော အပြစ်များနှင့် နောက်မှပြုမည့် အပြစ်များ အားလုံးကို ခွင့်လွှတ်တော်မူခြင်းခံရပြီး ဖြစ်သည့်(အတွက် အပြစ်မှ လုံးဝကင်းစင်သည်။) ယင်းနှင့် ဆန့်ကျင်ဘက်အားဖြင့် မိမိအား ခွင့်လွှတ်မည် သို့မဟုတ် ခွင့်မလွှတ်မည်ကို မသိသူသည် ခွင့်လွှတ်ချမ်းသာပေးမှုရရှိရန်အတွက် ဝတ်ပြုကိုးကွယ်မှုကို များများပြုလုပ်ရန် လိုအပ်သည်။ ထို့နောက် ၎င်းတို့အနက်မှ အချို့က "ကျွန်ုပ် အမျိုးသမီးများနှင့် အိမ်ထောင်ပြုတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အသားစားသုံးတော့မည် မဟုတ်" ဟု ဆိုကြသည်။ အချို့က "ကျွန်ုပ် အိပ်ရာပေါ်တွင် အိပ်တော့မည် မဟုတ်" ဟု ဆိုကြသည်။ ( ဤသတင်း ကိုယ်တော့်ထံရောက်ရှိသောအခါ ကိုယ်တော်သည် အမျက်ဒေါသထွက်တော်မူခဲ့သည်။ ထို့နောက် လူတို့အား မိန့်ခွန်းပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုပြီး ဤသို့ မိန့်ကြားတော်မူခဲ့သည်- "ဤသို့ ဤသို့ ပြောဆိုကြသော လူများ၏ အရေးကား အဘယ်နည်း။ အလ္လာဟ်အရှင်မြတ်၏ ကစမ်၊ဧကန်စင်စစ် ငါကိုယ်တော်သည် သင်တို့အနက် အလ္လာဟ်အရှင်မြတ်ကို အကြောက်ဆုံး၊ သက္ကဝါတရားအရှိဆုံးသူ ဖြစ်သည်။ သို့ရာတွင် ငါကိုယ်တော်သည် ည၌ထ၍ ဆွလာသ်ဆောက်တည်ဖို့အတွက် အင်အားပြည့်ဝနေရန် အိပ်စက်ခြင်းကိုလည်း ပြုသည်။ ငါကိုယ်တော်သည် (နဖိလ်)ရိုဇာဥပုသ်စောင့်ထိန်းဖို့အတွက် အင်အားပြည့်ဝနေရန်(နေ့စဉ်ရက်ဆက် ဆက်တိုက်ရိုဇာဥပုသ် စောင့်ထိန်းခြင်းမပြုဘဲ တရက်ရိုဇာထား တရက်) ရိုဇာမထားဘဲ စားသောက်တော်မူသည်။ ထို့ပြင် ငါကိုယ်တော်သည် အမျိုးသမီးများနှင့် အိမ်ထောင်လည်းပြုသည်။ သို့ဖြစ်ရာ မည်သူမဆို ငါကိုယ်တော်ရဲ့ လမ်းစဉ်မှ ကျောခိုင်းပြီး၊ အခြားသော လမ်းစဥ်ကို ပြီးပြည့်စုံသော လမ်းစဥ်ဟု ထင်မြင်ပြီး ငါကိုယ်တော်၏ လမ်းစဥ်မှတစ်ပါး အခြားသူ၏ လမ်း စဉ်ကို ကျင့်သုံးပါကထိုသူသည် ငါကိုယ်တော်၏ အွမ္မသ်သားထဲကမဟုတ်ပေ။