ဟောင်လာအ် ဗင်န်သေ သုဝိုင်သ် (ရဿွိယလ္လာဟုအန်ဟာ)သည် မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ထံ၌ ရှိနေခဲ့စဉ် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အာအိရှဟ်သခင်မထံသို့ ရောက်ရှိလာတော်မူရာ သူမသည် သခင်မထံမှ ထွက်ခွာသွားခဲ့သည်။ အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) က တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား လျှောက်ထားခဲ့သည်မှာ - ဤအမျိုးသမီးသည် တစ်ညလုံး အိပ်စက်ခြင်းမရှိဘဲ ညဉ့်အချိန်များကို ဆွလာသ်ဝတ်ပြုခြင်းဖြင့် နိုးကြားစွာဖြတ်သန်းလေ့ရှိပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် သူမ၏ မိမိကိုယ်ကို အလွန်အမင်း ပင်ပန်းစေသော အပြုအမူကို ကန့်ကွက်တော်မူသည်အနေဖြင့် မိန့်ကြားတော်မူခဲ့သည်မှာ - သူမသည် တစ်ညလုံး အိပ်စက်ခြင်းမရှိလေသလော။ (အို လူအပေါင်းတို့) သင်တို့ ပုံမှန်စွဲစွဲမြဲမြဲလုပ်ဆောင်နိုင်သည့် ကောင်းမှုကုသိုလ်များကိုသာ ဆောင်ရွက်ကြလော့။ အလ္လာဟ်အရှင်မြတ်၏ကစမ်။ အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဖြောင့်မှတ်မှန်ကန်သောဗန္ဒဟ်ကျေးကျွန်များအား ၎င်းတို့၏အမိန့်နာခံမှုများ၊ ကောင်းမှုကုသိုလ်များနှင့် ကောင်းမြတ်သောအမလ်ကျင့်ဆောင်မှုများအပေါ် အကျိုးဆုလာဘ်ချီးမြှင့် တော်မူရန် လုံးဝငြီးငွေ့တော်မူခြင်းမရှိပေ။ နောက်ဆုံး သင်တို့ကိုယ်တိုင် ထိုအလုပ်များကို ငြီးငွေ့လာပြီး စွန့်လွှတ်ကြသည်အထိဖြစ်သည်။