ဂျရီရ်ဗင်အဗ်ဒုလ္လာဟ်(ရဿိယလ္လာဟုအန်ဟု) တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ယောက်ျားတစ်ဦးသည် သူစိမ်းအမျိုးသမီးတစ်ဦးအား ရည်ရွယ်ချက်မရှိဘဲ ရုတ်တရက်ကြည့်မိသွားခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က သူ့အားသတိပြုမိသည်နှင့်တပြိုင်နက် ချက်ချင်း မိမိ၏မျက်နှာကို အခြားဘက်သို့ လှည့်လိုက်ရန် အမိန့်ပေးတော်မူပြီး၊ ထိုသို့ပြုလျှင် သူ့အတွက် အပြစ်မရှိကြောင်း မိန့်ကြားတော်မူခဲ့သည်။