တမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်- ဂျန္နသ်သုခဘုံတွင် နေရာတစ်ခု ရှိပြီး လူတို့သည် ထိုနေရာ၌စုစည်းကြလေသည်။ ထိုနေရာ၌ ရောင်းခြင်းလည်းမရှိ၊ ဝယ်ယူခြင်းလည်းမရှိ။ သူတို့အလိုရှိရာကို ယူကြ၏။ ခုနစ်ရက်တစ်ကြိမ် ထိုနေရာသို့ သူတို့လာရောက်ကြ၏။ ထို့နောက် မြောက်လေသည် တိုက်ခတ်လာပြီး သူတို့၏ မျက်နှာများနှင့် အဝတ်အစားများပေါ်၌ (အလှအပနှင့်ဆိုင်သော) အရာများကို ဖြန့်ကြဲပေးလေသည်။ ထိုအခါ ၎င်းတို့သည် အလှအပနှင့် ဂုဏ်ကျက်သရေ၌ တိုးမြင့်လာ၏။ ထို့နောက် ၎င်းတို့သည် မိမိတို့၏မိသားစုများထံသို့ အလှအပနှင့် ဂုဏ်ကျက်သရေ တိုးပွားလျက် ပြန်လာကြသည်။ ထိုအခါ ၎င်းတို့၏ မိသားစုဝင်များက သူတို့အား ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ - ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် ခင်ဗျားတို့၏ အလှအပနှင့် ဂုဏ်ကျက်သရေ ပို၍ တိုးတက်လာပါပေသည်’ ဟု ပြောဆိုကြသည်။ ထိုအခါ သူတို့က ‘အလ္လာဟ်အရှင်မြတ်အား တိုင်တည်ကျိန်ဆိုပါသည်။ ‘သင်တို့လည်း ကျွန်ုပ်တို့နှင့် ခွဲခွာသွားစဉ်ကထက် သင်တို့၏ အလှအပနှင့် ဂုဏ်ကျက်သရေ တိုးတက်လာပါပေသည်’ ဟု အပြန် အလှန် ပြောဆိုကြလေမည်။”