တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်မှာ- "အစ္စရာအ်(မတ်စ်ဂျစ်ဒ်ဟရာမ်မှ မတ်စ်ဂျစ်ဒ်အက်ဆွာသို့ ညခရီး)နှင့် မိအ်ရာဂျ်ညတွင် ကိုယ်တော့်အား မိုးကောင်းကင်သို့ ခေါ်ဆောင်သွားခြင်းခံရစဉ် ကြေးရောင်လက်သည်းများဖြင့် မိမိတို့၏မျက်နှာများနှင့် ရင်ဘတ်များကို ကုတ်ဖဲ့စုတ်ဖြဲနေသော လူများအနားမှ ဖြတ်သွားတော်မူခဲ့သည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ဂျီဗ်ရီလ် (အလိုင်ဟိစ္စလာမ်) အား ''ဤသူများသည် မည်သည့်လုပ်ရပ်ကိုလုပ်ခဲ့သောကြောင့် ထိုသို့သောအဇားဗ်ပြစ်ဒဏ်ကို ခံနေကြရသနည်း'' ဟု မေးမြန်းတော်မူခဲ့သည်။ ထိုအခါ ဂျီဗ်ရီလ် (အလိုင်ဟစ္စလာမ်) က ''ဤသူတို့သည် လူတို့အား (သူတစ်ပါး၏) ဂီဗသ်အတင်းအဖျင်း ပြောခဲ့သူများနှင့် မတရားသဖြင့် သူတစ်ပါး၏ဂုဏ်သိက္ခာကို ထိပါးပြောဆိုခဲ့ကြသူများ ဖြစ်ကြသည်'' ဟု ဖြေကြားခဲ့သည်။