တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အောက်ပါအရာများမှ (အလ္လာဟ်အရှင်မြတ်ထံ) ခိုလှုံခွင့်တောင်းခံတော်မူခဲ့သည်- 1-اللَّهُمَّ إِنِّي أَعُوذُ) အလိုသဘောမှာ- ကျွန်တော်မျိုး ခိုလှုံပါသည်ဟူ၍ဖြစ်သည်။ (بِكَ) ဆိုသည်မှာ - အရှင်မြတ်ထံတော်ပါး၌သာ ဟူ၍ ဖြစ်သည်။(مِنْ غَلَبَةِ الدَّيْنِ) ဆိုသည်မှာ -ကြွေးမြီ၏ ဖိစီးမှု၊ စိုးရိမ်ပူပန်မှုနှင့် စိတ်သောကများမှ အရှင်မြတ်ထံ ခိုလှုံခြင်းဖြစ်သည်။ ထို့ပြင် ကြွေးမြီကို ပြန်ဆပ်နိုင်ရန် အရှင်မြတ်ထံ ကျွန်တော်မျိုးအကူအညီ တောင်းခံပါသည်ဟူ၍ ဖြစ်သည်။ 2 - ( وَغَلَبَةِ الْعَدُوِّ ) ဆိုသည်မှာ - ရန်သူ၏ လွှမ်းမိုးမှု၊ ဖိနှိပ်အုပ်စိုးမှုတို့မှ ခိုလှုံခွင့် တောင်းခံခြင်းဖြစ်သည်။ ထို့ပြင် အရှင်မြတ်သည် ထိုရန်သူ၏ ဒုက္ခ ပေးမှုကို တားဆီးပေးပြီး၊ ၎င်းအပေါ် အောင်နိုင်မှုချီးမြှင့်တော်မူပါရန် ကျွန်တော်မျိုး အရှင်မြတ်ထံ တောင်းခံပန်ကြားအပ်ပါသည် ဟူ၍ ဖြစ်သည်။ 3 (وَشَمَاتَةِ الْأَعْدَاءِ) ဆိုသည်မှာ မုစ်လင်မ်များအပေါ် ဘေးဒုက္ခကျရောက်သောအခါ ရန်သူများ ဝမ်းသာအားရ ဖြစ်ခြင်းမှ ခိုလှုံခွင့် တောင်းခံခြင်းဖြစ်သည်။