တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ပိုးထည် သို့မဟုတ် ပိုးထည်အစတစ်စကို ဘယ်ဘက်လက်ဖြင့်လည်းကောင်း၊ လက်ဝတ်တန်ဆာ သို့မဟုတ် အလားတူသည့်အရာထဲမှ ရွှေကို ညာဘက်လက်ဖြင့်လည်းကောင်း ကိုင်တွယ်ကာ ဤပိုးထည်နှင့်ရွှေသည် အမျိုးသားများအတွက် ဝတ်ဆင်ခြင်း ဟရာမ်ဖြစ်ကြောင်း၊ အမျိုးသမီးများအတွက်မူ ဝတ်ဆင်ခြင်း ဟလာလ်ဖြစ်ကြောင်း မိန့်ကြားတော်မူခဲ့သည်။