တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမျိုးသားများအား ၎င်းတို့၏ ခန္ဓာကိုယ်အောက်ပိုင်းကို ဖုံးအုပ်ထားသော အဝတ်၊ ဘောင်းဘီ သို့မဟုတ် အခြားအရာများကို ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်ခြင်းမပြုရန် သတိပေးတားမြစ် တော်မူခဲ့သည်။ ခြေကျင်းဝတ်အောက်ထိ ဆွဲချဝတ်ဆင်သူ၏ ခြေကျင်းဝတ်အောက်ပိုင်းသည် ၎င်း၏ထိုလုပ်ရပ်အတွက် အပြစ်ပေးခြင်းခံရကာ ငရဲမီးထဲတွင်ရှိမည်ဖြစ်သည်။