တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် အောက်ပါ လူလေးမျိုးအား ကျိန်ဆဲခြင်း၊ နှင်ထုတ်ခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ဝေးကွာစေရန် ဗဒ်ဒုအာပြုခဲ့သည်။ ပထမ- မိမိ၏ဆံပင် သို့မဟုတ် အခြားသူ၏ ဆံပင်ကို အခြားဆံပင်တစ်ခုနှင့် ဆက်တွဲသူ။ ဒုတိယ- အခြားသူတစ်ဦးအား မိမိ၏ဆံပင်ကို အခြားဆံပင်တစ်ခုဖြင့် က ဆက်တွဲပေးရန် တောင်းဆိုသူ။ တတိယ- အလှအပအတွက် ခန္ဓာကိုယ် ၏တစ်စိတ် တစ်ဒေသ ဥပမာ- မျက်နှာ၊ လက်ဖဝါး သို့မဟုတ် ရင်ဘတ်တွင် အပ်ဖြင့် ထိုးဖောက်ကာ ထိုနေရာ၌ ဆေးမင် သို့မဟုတ် အလားတူအရာကို လိမ်းကျံခြင်းဖြင့် အပြာရောင် သို့မဟုတ် အစိမ်းရောင်အမည်းစက်ဖြစ်အောင် ပြုလုပ်သူအမျိုးသမီး။ စတုတ္ထ- မိမိကိုယ်ပေါ်တွင် ထိုနည်းအတိုင်း ဆေးမှင်ကြောင်ထိုးပေးရန် တောင်းဆိုသူအမျိုးသမီး။ ၁။ ဤလုပ်ရပ်များသည် ကြီးလေးသောအပြစ်အကုသိုလ်များထဲမှ ဖြစ်သည်။