တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ‘မုအာဟဒ်’ (လုံခြုံမှုပေးရေး ကတိကဝတ်ဖြင့် မွတ်စ်လင်မ်နိုင်ငံသို့ ဝင်ရောက်လာသူ ဘာသာ ခြား)အား သတ်ဖြတ်သူနှင့် ပတ်သက်၍ ပြင်းထန်သည့် သတိပေးခြိမ်း ခြောက်မှု ရှိကြောင်းကို ရှင်းပြတော်မူခဲ့သည်။ ထိုသူသည်ဂျန္နသ်၏ ရနံ့ကိုပင်ရရှိမည်မဟုတ်ပေ။ ဧကန်အမှန်ပင် ဂျန္နသ်၏ရနံ့သည် နှစ်ပေါင်းလေးဆယ် ခရီးနှင်ရသည့် အကွာအဝေးမှပင် ရရှိနေမည်ဖြစ်သည်။