မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) ကဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကွယ်လွန်ခါနီး အပြင်းအထန်နာမကျန်းဖြစ်စဉ်တွင် (ဤသို့)မိန့်ကြားတော်မူခဲ့သည်- ယဟူဒီများနှင့် နတ်စ်ွရာနီများအပေါ် အလ္လာဟ်အရှင်မြတ်၏ လအ်နသ်ကျရောက်တော်မူပါစေ၊ မိမိ၏ ရဟ်မသ်ကရုဏာတော်မှ ၎င်းတို့အား ကင်းဝေးစေတော်မူပါစေ။ အကြောင်းမှာ ၎င်းတို့သည် မိမိတို့၏ နဗီတမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများ အဖြစ် ပြုလုပ်ခဲ့ကြသောကြောင့် ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် ထိုကဗရ်များအပေါ်၌ အဆောက်အဦးများ ဆောက်လုပ်ခြင်း၊ သို့မဟုတ် ၎င်းကဗရ်များအနီးတွင် ဖြစ်စေ၊ သို့မဟုတ် ၎င်းကဗရ်များဘက်သို့ မျက်နှာမူ၍ ဆွလာသ်ဝတ်ပြုခြင်းတို့ ပြုလုပ်ခြင်းအားဖြင့် ကဗရ်သင်္ချိုင်းများကို စဂျ်ဒဟ်ဦးချရာနေရာများအဖြစ် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ထို့နောက် အာအိရှဟ်(ရဿွိယလ္လာဟုအန်ဟာ) က ဆက်လက်ပြောကြားခဲ့သည်မှာ- အကယ်၍ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ထိုတားမြစ်ချက်နှင့် သတိပေးချက် မရှိခဲ့လျှင်၊ ထို့ပြင် စွဟာဗဟ်သာဝကများသည် ကိုယ်တော်မြတ်၏ ကဗရ်သင်္ချိုင်းအား ယဟူဒီများနှင့် နတ်စ်ွရာနီများက မိမိတို့၏ တမန်တော်များ၏ ကဗရ်သင်္ချိုင်းများကို ပြုလုပ်ခဲ့သလို ပြုလုပ်ခြင်းခံရမည်ကို စိုးရိမ်ခြင်း မရှိခဲ့လျှင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ ကဗရ်ကိုလည်း ပေါ်လွင်ထင်ရှားစွာ ပြုလုပ်ထားကြလိမ့်မည်ဖြစ်သည်။