မုအ်မင်န်ယုံကြည်သူသည် ကဗရ်ထဲတွင် မေးမြန်းခြင်းခံရမည်ဖြစ်သည်။ ၎င်းအား ထိုသို့ မေးမြန်းရန်အတွက် တာဝန်ပေးအပ်ခြင်းခံထားရသော မလာအိကဟ်ကောင်းကင်တမန်နှစ်ပါးက မေးမြန်းကြလိမ့်မည်။ ထို မလာအိကဟ်ကောင်းကင်တမန်နှစ်ပါး၏ အမည်မှာ မွန်ကရ်နှင့် နကီရ်ဖြစ်ကြောင်း ဟဒီးစ်တော်အချို့တွင် ဖော်ပြထားသည်။ ထိုအခါ ၎င်းသည်အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံလိမ့်မည်။ တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) က ဤသည် အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူထားသည့် တည်တံ့ခိုင်မြဲသောစကား (ကလိမဟ် ရှဟာဒသ် )ပင်ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ ( အလ္လာဟ် အရှင်မြတ်သည် အီမာန် ယုံကြည်သူများအား တည်တံ့ ခိုင်မြဲသော စကား (ကလိမဟ် ရှဟာဒသ်)ဖြင့် ဤဘဝတွင် သာမက နောင်ဘဝတွင်ပါ တည်မြဲစေတော်မူသည်။ ) ( စူရဟ် အိဗ်ရာဟီးမ် : ၂၇ )