တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ နေထွက်ရာနေ့များအနက် အမွန်မြတ်ဆုံးနေ့မှာ ဂျုမုအဟ်(သောကြာ)နေ့ပင်ဖြစ်သည်။ ထိုနေ့၏ထူးခြားချက်များထဲမှ အချို့မှာ - အလ္လာဟ်အရှင်မြတ်သည် ထိုနေ့တွင် အာဒမ်(အလိုင်းဟိစ္စလာမ်)အား ဖန်ဆင်းတော်မူခဲ့သည်။ ထိုနေ့တွင်ပင် သူ့အား ဂျန္နသ်သုခဘုံသို့ ဝင်ရောက်စေတော်မူခဲ့သည်။ ထိုနေ့တွင်ပင် သူ့အား ဂျန္နသ်မှ ထုတ်ပယ်တော်မူခဲ့ပြီး ကမ္ဘာမြေပေါ်သို့ ချတော်မူခဲ့သည်။ ထို့ပြင် ကိယာမသ်နေ့သည်လည်း ဂျုမုအဟ်နေ့၌သာလျှင် ဖြစ်မည်ဖြစ်သည်။