တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ- မှန်ကန်ကောင်းမြတ်သည့်လမ်းစဉ်ကို နှုတ်ဖြင့်လည်းကောင်း၊ လုပ်ရပ်ဖြင့်လည်းကောင်း လူတို့အား လမ်းပြပေးသူ၊ ညွှန်ပြပေးသူ၊ တိုက်တွန်းသူသည် ၎င်းအားနောက်လိုက်သူများရရှိသည့် အကျိုးကုသိုလ်အတိုင်း အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင့် နောက်လိုက်များ၏ အကျိုးကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။ ထို့အတူ လမ်းမှားနှင့် မပြုပိုင်သောကိစ္စ သို့မဟုတ် အပြစ်ထိုက်သော မကောင်းမှုကို နှုတ်ဖြင့်လည်းကောင်း၊ လုပ်ရပ်ဖြင့်လည်းကောင်း လူတို့အား လမ်းပြသူ၊ ညွှန်ပြသူသည် ၎င်းအား နောက်လိုက်သူများရရှိသည့်အတိုင်း အပြစ်အကုသိုလ်ဝန်ထုပ်ကို ရရှိမည်ဖြစ်သည်။ ထိုသို့ရရှိခြင်းကြောင့်နောက်လိုက်များ၏ အပြစ်အကုသိုလ်တွင် တစ်စုံတစ်ရာ လျော့နည်းသွားမည် မဟုတ်ပေ။