တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မည်သူမဆို ကာဖိရ်များ၊ အပြစ်ကျူးလွန်သူများနှင့်ဖြစ်စေ၊ သူမွန်သူမြတ်များနှင့်ဖြစ်စေ တူဆင်အောင်ပြုလုပ်ပါက ၎င်းသည် ထိုသူတို့အနက်မှပင်ဖြစ်သည်ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် ၎င်းတို့နှင့်သာ သီးသန့်သက်ဆိုင်သည့် ယုံကြည်ချက်များ၊ ခဝပ်ကိုးကွယ်မှုများ၊ ဓလေ့ထုံးတမ်းများကိုအတုခိုး ဆောင်ရွက်ခြင်းကို ဆိုလိုခြင်းဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အပြင်ပန်း၌ ၎င်းတို့အားအတုခိုးခြင်းသည် အတွင်းပိုင်းဆိုင်ရာ၌ ၎င်းတို့အား အတုခိုးခြင်းဆီသို့ ဦးတည်စေသည်။ အုပ်စုတစ်စုအား အတုခိုးခြင်းသည် နှစ်သက်သဘောကျခြင်းကြောင့်သာ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ထိုအချက်ကပင် ၎င်းတို့အား ချစ်ခင်ခြင်း၊ ဂုဏ်ပေးခြင်းနှင့် ၎င်းတို့အပေါ် အားထားခြင်းဆီသို့ ရောက်ရှိစေသည်မှာ သံသယဖြစ်ရန်ပင် မလိုပေ။ တစ်ခါတစ်ရံတွင် ဤအချက်သည် လူတစ်ယောက်အား ၎င်းအတုခိုးလိုက်သူများ၏ စိတ်နှလုံးသားဆိုင်ရာ ယုံကြည်ချက်များ၊ ခဝပ်ကိုးကွယ်မှုများကိုပါ အတုခိုးခြင်းဆီသို့ တွန်းပို့ပေးသည်။ ( အလ္လာဟ်အရှင်မြတ်ထံတော်တွင် ခိုလှုံပါ၏။)