မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အချို့သောကိုယ်ကျင့်တရားများနှင့်ပတ်သက်၍ အသိပေးတင်ပြခဲ့ပြီး ၎င်းအနက်အချို့မှာ - တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ကိစ္စနှစ်ခုကြားတွင် ရွေးချယ်ခွင့်ပေးခံရလျှင် ပို၍လွယ်ကူသောအရာကိုပင် ရွေးချယ်တော်မူလေ့ရှိသည်။ သို့သော် ထိုလွယ်ကူသောအရာသည် အပြစ်တစ်စုံတစ်ရာ ဖြစ်စေနိုင်လျှင် ကိုယ်တော်သည် ထိုအရာမှ လူသားအားလုံးထက်ပို၍ ဝေးစွာနေတော်မူသောသူ ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် ပို၍ခက်ခဲသောအရာကိုသာ ရွေးချယ်တော်မူသည်။ ထို့အတူ တမန်တော်မုတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် မိမိကိုယ်ရေးကိုယ်တာကိစ္စများအတွက် မည်သည့်အခါမျှ လက်တုံ့ပြန်တော်မမူခဲ့ပေ။ မိမိ၏ရပိုင်ခွင့်ကို ကျူးလွန်ခံရလျှင်ပင် ခွင့်လွှတ်တော်မူသည်၊ လျစ်လျူရှုတော်မူသည်။ သို့သော် အလ္လာဟ်အရှင်မြတ်၏ ပညတ်တော်များကို ချိုးဖောက်ကျူးလွန်မှုများ (အလ္လာဟ်၏ စည်းမျဉ်းတော်များ ချိုးဖောက်ခံရခြင်း) နှင့် ကြုံတွေ့ရသောအခါတွင်မူ အလ္လာဟ်အရှင်မြတ်အတွက်သာ လက်တုံ့ပြန်တော်မူသည်။ ထိုသို့သော အခြေအနေမျိုးတွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များကို ချိုးဖောက်မှုအတွက် အမျက်တော်သည် အခြားကိစ္စရပ်များထက် အဆမတန်ပိုမိုပြင်းထန်လေ့ရှိသည်။