မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့် သူမကြားရှိ သီးသန့်ဆက်ဆံရေး အခြေအနေများကို ပြောပြခဲ့သည်။ ၎င်းတို့အနက် အချို့မှာ သူမသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်အတူ ရေအိုးတစ်လုံးထဲမှပင် ရေအတူခပ်ကာ ဂျနာဗသ်အတွက် ရေချိုးခဲ့သည်။ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သူမဓမ္မတာသွေး ဆင်းနေချိန် အတူနေလိုပါက သူမခန္ဓာကိုယ်အား ချက်မှ ဒူးအထိ ဖုံးအုပ်ခိုင်းတော်မူပြီး ပေါင်းသင်းဆက်ဆံခြင်းမရှိဘဲ ပွေ့ဖက်ကျီစယ်တော်မူသည်။ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဗလီထဲတွင် အိသိကာဖ် ထိုင်နေစဉ် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) ဆီသို့ မိမိဦးခေါင်းကို ထုတ်ပေးလေ့ရှိပြီး သူမသည် ဓမ္မတာသွေးဆင်းသူဖြစ်လျက်နှင့်ပင် သူမအိမ်အတွင်းမှနေ၍ ကိုယ်တော်၏ ဦးခေါင်းကို ရေဆေးကြောပေးသည်။