တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ လူတို့အပေါ် အုပ်ချုပ်ရန်အတွက် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ တစ်ဦးတစ်ယောက်အား တာဝန်ခံခေါင်းဆောင်အဖြစ် ခန့်အပ်ထားလျှင် ထိုခန့်အပ်မှုသည် အများနှင့်သက်ဆိုင်သည့် ကဏ္ဍဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်ကဲ့သို့ ပုဂ္ဂိုလ်ဖြစ်စေ၊ သီးသန့်ကဏ္ဍဖြစ်သည့် အမျိုးသားတစ်ဦးအနေဖြင့် မိမိအိမ်နှင့်ပတ်သတ်၍ဖြစ်စေ၊ အမျိုးသမီးတစ်ဦးအနေဖြင့် မိမိအိမ်နှင့်ပတ်သက်၍ဖြစ်စေ မိမိတို့ တာဝန်ယူ အုပ်ထိန်းရသူများနှင့် သက်ဆိုင်သည့် တာဝန်ဝတ္တရားများကို ပေါ့လျော့ခဲ့မည်။ ၎င်းတို့အား လိမ်လည်လှည့်စားမည်။ ၎င်းတို့အား ကောင်းမွန်စွာ ဆုံးမပဲ့ပြင်ခြင်းမရှိ၊ ၎င်းတို့၏ လောကီရေး၊ သာသနာရေး အခွင့်အရေးများကို ဖျက်ဆီးခဲ့ပါက ဤပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်သည်။