တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူသည်မှာ- မိမိအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်ထံ အပ်နှင်းနာခံပြီး၊ တရားလမ်းမှန်ကိုရရှိကာ အစ္စလာမ်သာသနာကို လက်ခံကျင့်သုံးခွင့် ရရှိသူ၊ လိုအပ်ချက်နှင့်အညီ ဟလာလ်ဖြစ်သော စားနပ်ရိက္ခာကို ပိုခြင်းလည်းမရှိ၊ လျော့နည်းခြင်းလည်းမရှိဘဲ ရရှိသူ၊ ထို့ပြင် အလ္လာဟ်အရှင်မြတ်က ရရှိသည်ကို ရောင့်ရဲကျေနပ်တတ်သော သဘောထားကို ပေးအပ်ခြင်းခံရသူသည် ၊စင်စစ် အောင်မြင်မှုကို ဆွတ်ခူးရရှိခဲ့ခြင်းပင် ဖြစ်သည်။