နုအ်မာန် ဗင်န် ဘရှီးရ် (ရဿွိယလ္လာဟုအန်ဟု) က လူတို့အား သူတို့ပိုင်ဆိုင်နေရသော နိအ်မသ်ကျေးဇူးတော်များနှင့် ၎င်းတို့သည် အလိုရှိသမျှ စိတ်ကြိုက်စားနိုင်သောက်နိုင်သော စားစရာနှင့်သောက်စရာများ ရှိနေကြဆဲဖြစ်သည်ကို သတိပေးပြောကြားခဲ့သည်။ ထို့နောက် ၎င်းက နဗီတမန်တော်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ မိမိဝမ်းဗိုက်ကိုဖြည့်တင်းရန် ညံ့ဖျင်းသောစွန်ပလွံသီးခြောက်တစ်လုံးမျှပင် မရှိခဲ့သည့် အခြေအနေကို တင်ပြခဲ့သည်။