အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု) ကဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။ “အသက်အရွယ်ကြီးရင့်သွားသူ၏ နှလုံးသားသည် အရာနှစ်ခုတွင် နုပျိုနေတတ်၏- လောကီကို တပ်မက်ခြင်းနှင့် မျှော်လင့်ချက် ရှည်လျားခြင်းတို့၌ ဖြစ်သည်။” صحيح - رواه البخاري
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်— အသက်အရွယ်ကြီးရင့်လာသူသည် ၎င်း၏ကိုယ်ခန္ဓာမှာ အားနည်းသွားသော်လည်း သူ၏စိတ်နှလုံးမှာမူ အရာနှစ်ခုကို နှစ်သက်ရာ၌ နုပျိုနေတတ်၏။ ပထမ - စည်းစိမ်ဥစ္စာ ပေါများခြင်းအားဖြင့် လောကီဘဝကို ချစ်မြတ်နိုးခြင်း။ ဒုတိယ - သက်တမ်းရှည်လျားခြင်း၊ အသက်ရှည်ခြင်း၊ ရှင်သန်နေထိုင်ခြင်းနှင့် မျှော်လင့်ချက် ရှည်လျားခြင်းတို့ကို ချစ်မြတ်နိုးခြင်း။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • ဤသည်မှာ လူသား၏ သဘာဝဗီဇဖြစ်သည့် လောကီဘဝကို ချစ်ခြင်းနှင့် မျှော်လင့်ချက် ရှည်လျားခြင်းတို့ကို ဖော်ပြခြင်းဖြစ်သည်။
  • မျှော်လင့်ချက် ရှည်လျားခြင်းနှင့် စည်းစိမ်ဥစ္စာ သိုမှီးစုဆောင်းခြင်းအား လောဘထားခြင်းအပေါ် ရှုတ်ချခြင်းကို ညွှန်ပြထားသည်။ စင်စစ် ၎င်းသည် သေခြင်းတရားအတွက် ကြိုတင်ပြင်ဆင်ရန်၊ ချမ်းသာသူအတွက် အလှူဒါနပြုခြင်း၏ အကျိုးကျေးဇူးနှင့်၊ ဆင်းရဲသူအတွက် တောင်းရမ်းခြင်းမှ ရှောင်ကျဉ်ခြင်းတို့ကို တောင်းဆိုပေသည်။
  • လူသားသည် မိမိအသက်ထက် ပိုမိုချစ်မြတ်နိုးသော အရာမရှိသောကြောင့် ၎င်း၏တည်တံ့မှုကို အလိုရှိ၏၊ ထို့ကြောင့် အသက်ရှည်ခြင်းကို နှစ်သက်သည်။ ထို့ပြင် စည်းစိမ်ဥစ္စာကိုလည်း ကျန်းမာရေးနှင့် ချမ်းသာသုခ တည်တံ့ရေးအတွက် အဓိကအကြောင်းခံဖြစ်သောကြောင့် ချစ်မြတ်နိုးသည်။ သို့ဖြစ်၍ မိမိ၏အသက် သို့မဟုတ် စည်းစိမ်ဥစ္စာ ကုန်ဆုံးတော့မည်ကို သိရှိလာသောအခါ ၎င်းကို ချစ်မြတ်နိုးမှုနှင့် တည်တံ့စေလိုသော ဆန္ဒသည် ပိုမိုပြင်းထန်လာတော့၏။
explain-icon

ထပ်၍