မုအ်မင်န်တို့၏မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) အား လျှောက်ထား ပြောဆိုခဲ့သည်မှာ ကိုယ်တော့်အတွက် စွဖီယဟ်သည်(မုအ်မင်န်တို့၏မိခင်ကြီး စွဖိယဟ်သခင်မကို ဆိုလိုခြင်းဖြစ် သည်) သူမ၏ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အပြစ်အနာဆာတစ်ခုဖြစ်သည့် အရပ်ပုရုံဖြင့် လုံလောက်ပါသည်။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- “အသင်မသည် ထိုသို့သောစကားကို ပြောဆိုလိုက်ပြီ၊ အကယ်၍ ထိုစကားကို ပင်လယ်ရေထဲတွင် ရောစပ်လိုက်လျှင် ၎င်းသည် မုချ ထိုရေကိုလွှမ်းမိုးသွားပြီး ၎င်း၏အရသာကိုပြောင်းလဲစေ၍ ဖျက်ဆီးပစ်လိုက်လိမ့်မည်။ သခင်မက လျှောက်ထားသည်မှာ- "ကျွန်မသည် လူတစ်ဦးကို နိမ့်ချစေလိုသည့်အနေဖြင့် သူ၏ အမူအရာကို အတုခိုးပြုလုပ်မိပါသည်"။ ထိုအခါ တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- "အကယ်၍ ငါကိုယ်တော်အား လောကကြီးတစ်ခုလုံးကို ပေးအပ်ခဲ့သော်လည်း သူ၏အပြစ်အနာအဆာကို ပြောဆိုရန်၊ သို့မဟုတ် အထင်သေးကြောင်းပြသည့် အနေဖြင့် သူ၏အမူအရာကို အတုခိုး၍ ပြုမူရန်၊ သို့မဟုတ် သူ၏စကားကို ပြောဆိုရန် ငါကိုယ်တော် နှစ်သက်တော်မူမည် မဟုတ်ပါ။"