တမန်တော်မြတ် ( ဆွလ္လလ္လာဟု အလိုင်ဟိ ဝစလ္လမ် ) မိန့်ကြားတော်မူခဲ့သည်။ မည်သူမဆို ဤဒုအာကို ရွတ်ဖတ်ပါက - لاَ إِلَهَ إِلَّا اللَّهُ، وَحْدَهُ لاَ) شَرِيكَ لَهُ، لَهُ المُلْكُ وَلَهُ الحَمْدُ، وَهُوَ عَلَى كُلِّ شَيْءٍ قَدِيرٌ) (အလိုသဘောမှာ- အလ္လာဟ်အရှင်မြတ်မှတစ်ပါး အခြားခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်သောအရှင်ဟူ၍မရှိပါ။ ထိုအရှင်မြတ်သည် တစ်ပါးတည်းသောအရှင်ဖြစ်တော်မူ၏။ ထိုအရှင်မြတ်၏ ကိုးကွယ်ခံထိုက်ခြင်း၊ ဖန်ဆင်းခြင်း၊ နာမတော်များနှင့် ဂုဏ်တော်များတွင် ထိုအရှင်မြတ်နှင့် တွဲဖက်ယှဉ်တွဲကိုးကွယ်ရာဟူ၍ အလျင်းမရှိချေ။ အရှင်မြတ်သည်သာလျှင် စကြဝဠာအားလုံး၏ အချုပ်အခြာအာ ဏာပိုင်ရှင်ဖြစ်တော်မူပြီး အလိုရှိသလို စီမံခံ့ခွဲနိုင်တော်မူသောအရှင်ဖြစ်သည်။ ချီးမွမ်းခြင်းအားလုံးသည် အရှင်မြတ်အတွက်သာဖြစ်၏။ ထိုအရှင်မြတ်သည် မိမိဖန်ဆင်းတော်မူသမျှနှင့် စီမံချမှတ်တော်မူသမျှအတွက် (ချီးမွမ်းခြင်းခံရထိုက်သကဲ့သို့) ထိုအရှင်မြတ်သည် အရာခပ်သိမ်းတို့အပေါ်၌ စွမ်းဆောင်နိုင်တော်မူသောအရှင်ဖြစ်၏။ မည်သူတစ်ဦးတစ်ယောက်မျှ (အရှင်မြတ်၏ အမိန့်တော်ကို) ဟန့်တားနိုင်စွမ်း မရှိသကဲ့သို့ ပယ်ဖျက်နိုင်စွမ်းလည်း မရှိပေ။ ထို့ပြင် အရှင်မြတ်အလိုရှိတော်မမူသောအရာသည် ဖြစ်လာနိုင်မည်ပေ။ သို့ဖြစ်ရာ မည်သူ မဆို ဤဇိကိရ်ကို တစ်ရက်တွင် အကြိမ် တစ်ရာရွတ်ဖတ်ပါက အလ္လာဟ်အရှင်မြတ်ထံတော်၌ ကျေးကျွန်ဆယ်ဦးအား သူကောင်းပြုသူ၏အကျိုးကျေး ဇူးနှင့်အညီ ကုသိုလ်အကျိုးရေးမှတ်ခြင်းခံရမည်။ ၎င်းအတွက် ဂျန္နသ်သုခဘုံ၌ ကောင်းမှုအဆင့်တစ်ရာ ရရှိရန်ရေးမှတ်ခြင်းခံရမည်။ ၎င်းထံမှမကောင်းမှုတစ်ရာ ပယ်ဖျက်ပေးခြင်းခံရမည်။ ထိုဇိကိရ်သည် ၎င်းအဖို့ ညနေခင်းအထိ ထိုနေ့တွင် ရှိုင်သွာန်၏ လှည့်စားမှုနှင့် နှောင့်ယှက် လွှမ်းမိုးမှုမှ ကာကွယ်စောင့်ရှောက်ပေးသော၊ ခံတပ်ကြီးတစ်ခုသဖွယ် ဖြစ်ပေမည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ကိယာမတ်နေ့တွင် ၎င်းပြုလုပ်သည့် ကောင်းမှုထက် ပို၍ကောင်းမွန်သည့် အရာကို ယူဆောင်လာနိုင်မည်မဟုတ် ပေ။ သို့ရာတွင် လူတစ်ဦးသည် ၎င်းထက် ပို၍ ထို(ကလိ မဟ်တော်) ကို ရွတ်ဖတ်ပါက ထိုသူသည် ပို၍ ကောင်းသည့်အရာကို ယူဆောင်လာခြင်းပင်ဖြစ်သည်။