တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - အိပ်မက်ကောင်း၊ စိတ်ချမ်းသာဖွယ်အိပ်မက်သည် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ ဖြစ်၏။ မနှစ်မြို့ဖွယ်၊ ဝမ်းနည်းပူဆွေးဖွယ်အိပ်မက်သည် ရှိုင်တွာန်ဘက်မှဖြစ်၏။ သို့ဖြစ်ရာ မည်သူမဆို မနှစ်မြို့ဖွယ် အိပ်မက်ကို မြင်မက်ပါက မိမိ၏ ဘယ်ဘက်အခြမ်းသို့ လှည့်၍ တံတွေး (ထွေးသကဲ့သို့) ပြုလုပ်ပါ။ ထို့နောက် ယင်းအိပ်မက်၏ ဆိုးယုတ်မှုမှ အလ္လာဟ်အရှင်မြတ်ထံ ခိုလှုံခွင့်တောင်းခံပါ။ ဤသို့ဆောင်ရွက်လိုက်ခြင်းဖြင့် ထိုအိပ်မက်သည် ၎င်းအား မည်သည့်ဘေးအန္တ ရာယ်မျှ မဖြစ်စေနိုင်တော့ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် ဤအမှုကိစ္စများကို အိပ်မက်ဆိုး၏ ဆိုးကျိုးများမှ ကာကွယ်ရန် နည်းလမ်းအဖြစ် ပြုလုပ်ပေးထားသောကြောင့်ဖြစ်၏။