တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝဆလ္လမ်) မိန့်ကြားတော်မူသည်မှာ- “အကယ်၍ လူတို့သည် အဇာန်ပေးခြင်းနှင့် ပထမဆုံးစွတ်ဖ်အတန်း၏ အကျိုးကျေးဇူး၊ ကောင်းကျိုးနှင့် ဗရ်ကသ်မင်္ဂလာရှိခြင်းတို့ကို သိရှိမည်ဆိုလျှင်၊ ထို့နောက် ယင်းတို့ကို ဦးစားပေးရန်အတွက် မဲနှိုက်ဆုံးဖြတ်ခြင်းမှတစ်ပါး အခြားနည်းလမ်း မတွေ့ရှိကြဘူးဆိုလျှင်၊ ဧကန်စင်စစ် သူတို့သည် မဲနှိုက်ဆုံးဖြတ်ကြပေမည်။ အကယ်၍ လူတို့သည် ဆွလာသ်ဝတ်ပြုရန်အတွက် ဗလီသို့စောစီးစွာသွားခြင်း၌ ရှိသော အကျိုးကျေးဇူးကို သိရှိမည်ဆိုလျှင်၊ ထိုသို့ပြုလုပ်ရန် အပြိုင်အဆိုင် ပြုကြပေမည်။ အကယ်၍ ၎င်းတို့သည် အိရှာဆွလာသ်နှင့် ဖဂျရ်ဆွလာသ်ဝတ်ပြုရန် လာရောက်ခြင်း၌ ရရှိသော အကျိုးစဝါးဗ်၏ ပမာဏကို သိရှိမည်ဆိုလျှင်၊ ၎င်းဆွလာသ်နှစ်ခုသို့ နို့ဆို့ကလေးငယ် လေးဖက်ထောက်၍ သွားသကဲ့သို့ လေးဖက်ထောက် သွားရသည့်တိုင်အောင် သွားရောက်ကြပေမည်။