တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဖရဿ်ွဆွလာသ်ဖြစ်စေ စွန်နသ်ဆွလာသ်ဖြစ်စေ ဝတ်ပြုနေသူ၏ရှေ့မှ ဖြတ်သွားခြင်းမပြုရန် သတိပေးတားမြစ်ထားသည်။ အကယ်၍ ထိုသူသည် ဆွလာသ်ဝတ်ပြုနေသူရှေ့မှ သိလျက်တမင်ဖြတ်သွားသူ ရရှိမည့်အပြစ်ကို သိရှိပါက လေးဆယ်ကြာသည်အထိ စောင့်ဆိုင်းခြင်းကို ရွေးချယ်လိမ့်မည်ဖြစ်သည်။ ဤသည် ၎င်းအဖို့ ဆွလာသ်ဝတ်ပြုနေသူ၏ရှေ့မှ ဖြတ်သွားခြင်းထက် ပို၍ကောင်းပေသည်။ ဟဒီးစ် ဆင့်ပြန်သူရာဝီ အဗွန်နဿွရ်က " တမန်တော်မြတ်သည် ရက်လေးဆယ်ဟု ပြောခဲ့ခြင်းလား၊ လ ပေါင်းလေးဆယ်ဟု ပြောခဲ့ခြင်းလား သို့မဟုတ် နှစ် ပေါင်းလေးဆယ်ဟု ပြောခဲ့ခြင်းလား ဆိုသည်ကို ကျွန်ုပ်မသိပါ" ဟု ဆိုသည်။