မုအ်မင်န်တို့၏ မိခင်မွန်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)အား နဗီတမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ အိမ်တွင်ရှိစဥ်အခါ အခြေအနေနှင့်ပတ်သတ်၍ ကိုယ်တော်သည် မည်သို့ပြုမူဆောင်ရွက်တော်မူလေ့ရှိသနည်းဟု မေးမြန်းခဲ့ရာ သခင်မက ဖြေကြားသည်မှာ - ကိုယ်တော်မြတ်သည် သာမန်လူသားတစ်ဦးပင် ဖြစ်တော်မူပြီး အမျိုးသားများ မိမိတို့၏ အိမ်များတွင်လုပ်ကိုင်လေ့ရှိသည်များကိုပင် လုပ်ကိုင်တော်မူသည်။ မိမိကိုယ်တိုင်နှင့် မိသားစုအတွက် ကူညီလုပ်ကိုင်ဆောင်ရွက်ပေးတော်မူလေ့ရှိသည်။ မိမိ၏ ဆိတ်နို့ကို ကိုယ်တိုင်ညှစ်တော်မူသည်။ မိမိ၏ အဝတ်အစားကို ကိုယ်တိုင်ချုပ်ဖာတော်မူသည်။ မိမိ၏ဖိနပ်ကို ကိုယ်တိုင်ပြင်ဆင်တော်မူသည်။ မိမိ၏ရေပုံးကို ကိုယ်တိုင်တည့်မတ်တော်မူသည်။ ထို့နောက် ဆွလာသ်အတွက် အိကာမသ်ဆိုလိုက်လျှင် မဆိုင်းမတွ ဆွလာသ်ဝတ်ပြုရန် ထွက်ခွါသွားတော်မူလေ့ရှိသည်။