အိုမိုင်မဟ် ဗင်န်သေ ရုကိုင်ကဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်တင်ပြခဲ့သည်။ သူမသည် အန်ဆွာရီစွဟာဗီယဟ်အမျိုးသမီးအချို့နှင့်အတူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ထံ အလ္လာဟ်အရှင်မြတ်အား မည်သည့်အရာနှင့်မျှ တွဲဖက်မကိုးကွယ်ရန်၊ ခိုးမှုမပြုရန်၊ ဇိနာ (အိမ်ထောင်ရေးဖောက်ပြန်မှု) မပြုရန်၊ မိမိ၏လက်နှင့်ခြေများကြားတွင် (ခင်ပွန်းအပေါ် သားသမီး၏ မျိုးရိုးကိစ္စ၌) မဟုတ်မမှန်စွပ်စွဲမှုမပြုရန်၊ မည်သည့်ကောင်းမှုကိစ္စတွင်မဆို ကိုယ်တော့်ကို အမိန့်ဖီဆန်မှုမပြုရန် စသည့်အချက်များအပေါ် ဗိုင်အသ်သစ္စာခံယူရန် လာခဲ့ကြပါသည်။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- “အသင်မတို့တတ်နိုင်သမျှနှင့် ခွန်အားရှိသမျှအတိုင်း (ဆောင်ရွက်ကြလော့)။” ကျွန်မတို့က လျှောက်ထားသည်မှာ - “ကျွန်မတို့အား အလ္လာဟ်အရှင်မြတ်နှင့် ထိုအရှင်မြတ်၏ ရစူလ်တမန်တော်ကသာ ကရုဏာအရှိဆုံး ဖြစ်တော်မူပါသည်။ အို- အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် အမျိုးသားများ လက်ဆွဲနှုတ်ဆက်သလို လက်ဆွဲနှုတ်ဆက်၍ ကျွန်မတို့ ကိုယ်တော့်ထံ ဗိုင်အသ်ပြုပါရစေ။ ထိုအခါ တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်တော်မူသည်- ဧကန်စင်စစ် ငါကိုယ်တော်သည် အမျိုးသမီးများနှင့် လက်ဆွဲနှုတ်ဆက်ခြင်း မပြုလုပ်ပါ။ အမျိုးသမီးတစ်ရာအား ငါကိုယ်တော်။၏ မိန့်ကြားချက် (ဗိုင်အသ်ပြုပေးပုံ)သည် အမျိုး သမီးတစ်ဦးအတွက် မိန့်ကြားချက်ကဲ့သို့ပင်ဖြစ်သည်။