တမန်တော်မြတ် (ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်မှာ - မုစ်လင်မ်တစ်ဦးသည် စိတ်နှလုံးထဲသို့ ရောက်ရှိလာသော မကောင်းသည့် အတွေးများကို လက်တွေ့မပြုလုပ်မပြောဆိုသရွေ အပြစ်ပေးခြင်းခံရမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် အလ္လာဟ်အရှင်မြတ်သည် အခက်အခဲကိုရုပ်သိမ်းပြီး ခွင့်လွှတ်တော်မူကာ တမန်တော်မုဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ၏အွမ္မသ်သားများအား စိတ်နှလုံးထဲဝယ် ပေါ်ပေါက်လာပြီး မတည်မြဲသေးသော၊ စိတ်ထဲစွဲမြဲမှုမရှိသေးသော အတွေးအမြင်များအတွက် အပြစ်ပေးတော်မမူပေ။ သို့သော် မာန်မာန၊ ဝါကြွားခြင်းနှင့် နိဖားက်အယောင်ဆောင်ခြင်းစသော မကောင်းသည့် အတွေးများ စိတ်ထဲတွင် စွဲမြဲနေပြီး အခြေတကျဖြစ်နေလျှင်၊ သို့မဟုတ် ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများဖြင့် ပြုလုပ်လိုက်လျှင် သို့မဟုတ် နှုတ်ဖြင့်ပြောဆိုလိုက်လျှင် ထိုသူသည် အပြစ်ပေးခြင်းခံရမည် ဖြစ်သည်။