တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဇိက်ရ်အချို့နှင့်စပ်လျဉ်း၍ အသိပေးမိန့်ကြားထားသည်မှာ ယင်းဇိက်ရ်များအား ရွတ်ဖတ်သူသည် ဆုံးရှုံးမှုလည်းမရှိ၊ ဝမ်းနည်းမှုနည်းမရှိသည့်အပြင် ဤဇိက်ရ်တော်များအတွက် ကုသိုလ်လည်း ရရှိမည်ဖြစ်သည်။ ယင်းဇိကရ်တော်များအား ဖရ်ဿ်ွဆွလာသ်၏နောက် တွင် တစ်ခုပြီးတစ်ခု ရွတ်ဆိုရပေသည်။ ဇိက်ရ်တော်မှာ - စွဗ်ဟာနလ္လာဟ် ၃၃ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် ချွတ်ယွင်းမှုအပေါင်းမှ ကင်းရှင်းတော်မူသည်။ အလ်ဟမ်ဒုလိလ္လာဟ် ၃၃ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် အလွန်ပြည့်ဝသော အရှင်ဖြစ်ကြောင်းကို ချစ်မြတ်နိုး၍အလေးအမြတ်ထားကာ ပြောဆိုခြင်း။ အလ္လာဟ်အက္ကဗရ် ၃၄ကြိမ်။ အလိုသဘော - အလ္လာဟ်အရှင်မြတ်သည် အရာရာတိုင်းထက် အလွန်ပင်ကြီးမားတော်မူသောအရှင်၊ ဂုဏ်သိက္ခာအရှိဆုံးသော အရှင်ဖြစ်တော်မူပေသည်။