တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လာဘ်ပေးသူ၊ လာဘ်ယူသူတို့အား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးစေရန် ဆုတောင်းတော်မူခဲ့သည်။ ထိုလုပ်ရပ်များတွင် တရားသူကြီးများအား ၎င်းတို့တာဝန်ယူထားသည့် စီရင်ဆုံးဖြတ်မှုများတွင် ဘက်လိုက်ရန်အတွက် ပေးသောအရာများလည်းပါဝင်သည်။ လာဘ်ပေးသူသည် လာဘ်ထိုးခြင်းဖြင့် မိမိလိုချင်သည့်အရာကို မတရားသဖြင့် ရယူခြင်းဖြစ်သည်။