အဘူမူစာအရှ်အရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ ကျွန်ုပ်တို့နှင့်ဆန့်ကျင်ရန် လက်နက်ကိုင်ဆောင်သောသူသည် ကျွန်ုပ်တို့အနက်မှ မဟုတ်ပေ။ صحيح - متفق عليه
explain-icon

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စလင်တို့အား ခြိမ်းခြောက်ရန် သို့မဟုတ် လုယက်ရန်အတွက် လက်နက်ကိုင်ဆောင်ခြင်းကို တားမြစ်တော်မူခဲ့သည်။ ထိုသို့ မတရားမှုကိုကျူးလွန်သူသည် ကဗီရဟ် ကြီးလေးသောအပြစ်အကုသိုလ်ကို ကျူးလွန်ခြင်းဖြစ်ပြီး ပြင်းထန်သည့် သတိပေးခြိမ်းခြောက်မှုသို့ ကျရောက်သွားမည်ဖြစ်သည်။

explain-icon

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  • မွတ်စ်လင်မ်တစ်ဦးသည် မိမိ၏ညီနောင်မွတ်စ်လင်မ်များအား တိုက်ခိုက်ခြင်းကို ပြင်းပြင်းထန်ထန် သတိပေးတားမြစ်ထားသည်။
  • ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးပြဿနာနှင့် အကြီးမားဆုံး မကောင်းမှုဒုစရိုက်မှာ မွတ်စ်လင်မ်များကိုဆန့်ကျင်ရန် လက်နက်ကိုင်ဆောင်ခြင်း၊ တိုက်ခိုက်သတ်ဖြတ်မှုများပြုကာ ပျက်စီးရာပျက်စီးကြောင်း ပြုလုပ်ခြင်းဖြစ်သည်။
  • ဖေါ်ပြပါ သတိပေးခြိမ်းခြောက်မှု၌ တရားသဖြင့် တိုက်ခိုက်ခြင်းမျိုးဖြစ်သည့် သူပုန်များ၊ မကောင်းမှု ဒုစရိုက်ကျူးလွန်သူများ၊ ၎င်းတို့ကဲ့သို့ သူများကို တိုက်ခိုက်ခြင်းများ မပါဝင်ပါ။
  • ကျီစား၍ပင်ဖြစ်စေ မွတ်စ်လင်မ်တို့အား လက်နက် သို့မဟုတ် အခြားအရာဖြင့် ထိတ်လန့်အောင်ပြုလုပ်ခြင်းကို တားမြစ်ထားသည်။