တမန်တော်မြတ်(ဆွလ္လလာဟုအလိုင်ဟိဝစလ္လမ်)က ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ယူလေ့လာပြီး ၎င်း၏ရွတ်ဖတ်ခြင်းကို အကျွမ်း တဝင်ရှိသူ (ကျမ်း စာအုပ်မှ ကြည့်၍ ဖတ်သည်ဖြစ်စေ၊ အလွတ်ရွတ်ဖတ်သည်ဖြစ်စေ ၎င်း) အား ကုလားအုတ် ၏ ဒူးဆစ်ကို ချည်နှောင်သည့် ကြိုးဖြင့် ချည် နှောင်ထားသော ကုလားအုတ်ရှင်နှင့် ပမာပေးခိုင်းနှိုင်းတင်ပြတော်မူခဲ့သည်။ ထိုသူသည် ထိုကြိုးကို စောင့်ရှောက်နိုင်လျှင် ကုလားအုတ်ကို ဆက်လက်ထိန်းချုပ်နိုင်ပြီး၊ ထိုကြိုးကို လွှတ်လိုက်လျှင်မူ ကုလားအုတ်သည် ထွက်ပြေးသွားလိမ့်မည်။ ထို့အတူ ကုရ်အာန်ကိုထိန်းသိမ်းသူသည် ယင်းအား ရွတ်ဖတ်မှုပြုလုပ်လျှင် ထိုသူသည် ကုရ်အာန်ကျမ်းတော်မြတ်အား မှတ်မိသိရှိပြီး၊ ထိုသို့ ဆက်လက်မရွတ်ဖတ်ဘဲနေလျှင် မေ့ပျောက်သွားတတ်သည်။ သို့ဖြစ်၍ အချိန်အခါအလိုက် ပြန်လည်လေ့လာမှု ရှိနေသရွေ့ ကုရ်အာန်ကို အာဂုံဆောင်ထားနိုင်မည် ဖြစ်သည်။