တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က မိန့်ကြားတော်မူခဲ့သည်– ဇိနာနှင့် ခိုးမှုကဲ့သို့သော ရှရီအသ်တရားတော်၌ ပြစ်ဒဏ်ကျခံရမည့် အပြစ်များကို ကျူးလွန်သူသည် ဤလောက၌ ထိုပြစ်ဒဏ်ကို ခံယူပြီးပါက ယင်းပြစ်ဒဏ်သည် ထိုအပြစ်ကို ဖျက်ပစ်ပြီး နောင်တမလွန်ဘဝ၌ ထိုအပြစ်၏ အပြစ်ဒဏ်ကိုလည်း ပပျောက်စေသည်။ အကြောင်းမှာ အလ္လာဟ်အရှင်မြတ်သည် အလွန်ရက်ရောတော်မူသောအရှင်၊ အလွန်ကရုဏာထားတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် မိမိ၏ကျွန်အပေါ်၌ ပြစ်ဒဏ်နှစ်မျိုးကို စုပေါင်းပေးအပ်တော်မူမည်မဟုတ်ပေ။ ထို့ပြင် မည်သူမဆို အလ္လာဟ်အရှင်မြတ်က ဤလောက၌ ဖုံးကွယ်တော်မူခဲ့ပြီး (သူ၏အပြစ်ကို ဖော်ထုတ်တော်မမူဘဲ) ထိုအပြစ်အတွက် ပြစ်ဒဏ်မပေးဘဲ ခွင့်လွှတ်တော်မူခဲ့လျှင်၊ အရှင်မြတ်သည် အလွန်ရက်ရောတော်မူသောအရှင် ဖြစ်တော်မူသောကြောင့် အလ္လာဟ်အရှင်မြတ်သည်လွှတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ခွင့်လွှတ်ပြီးတော်မူခဲ့သော ထိုအပြစ်အတွက် ပြန်လည်ပြစ်ဒဏ်ပေးမည် မဟုတ်ပေ။