မုအ်မင်န်တို့၏မိခင်မွန် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ) က ဆင့်ပြန်သည်။ သူမကပြောသည်မှာ "ကျွန်မသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) အား ကိုယ်တော်၏ လည်ချောင်းအတွင်းရှိ အာသီးကိုပင် မြင်နိုင်လောက်အောင် ကျယ်လောင်စွာ ရယ်မောခြင်းမျိုးကို ဘယ်သောအခါမှ မတွေ့မမြင်ခဲ့ဖူးပါ။ ကိုယ်တော်သည် ပြုံးရုံပြုံးတတ်ပါသည်။" صحيح - متفق عليه