တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အရောင်းအဝယ်ပြုလုပ်ရာတွင် ကျိန်ဆိုခြင်းများစွာ မပြုလုပ်ရန် သတိပေးတော်မူခဲ့သည်။ အကယ်၍ မိမိပြောဆိုရာတွင် မှန်ကန်နေသည့်တိုင် ကျိန်ဆိုခြင်းကို ရှောင်ကြဉ်ရန် မိန့်ကြားတော်မူခဲ့သည်။ အကြောင်းမှာ ကျိန်ဆိုခြင်းသည် ကုန်ပစ္စည်းများ အရောင်းအဝယ်ဖြစ်လာစေရန် အကြောင်းဖန်လာတတ်သော်လည်း၊ ရရှိလာသော အမြတ်အစွန်းနှင့် ဝင်ငွေတို့၏ဗရ်ကသ်ကို လျော့နည်းပျက်စီးစေတတ်သောကြောင့် ဖြစ်သည်။ ထိုသို့ကျိန်ဆိုကာ ရောင်းဝယ်ခြင်းကြောင့် ရရှိလာသောဥစ္စာပစ္စည်းများသည် ခိုးခံရခြင်း၊ မီးလောင်ခြင်း၊ ရေနစ်မြုပ်ခြင်း၊ မတရားသိမ်းယူခံရခြင်း၊ လုယက်ခံရခြင်းစသည့် ဘေးအန္တ ရာယ်အမျိုးမျိုး ကျရောက်ကာ ပျက်စီးဆုံးရှုံးရတတ်သည်။