တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလွန်စိုးရိမ်ပူပန်ရသည့်အခါ၊ အလွန်ပူဆွေးသောကရောက်သည့်အခါတွင် ဤဒုအာကိုရွတ်ဆိုတော်မူလေ့ရှိခဲ့သည်- "လာ အိလာဟ အိလ္လလ္လာဟ်" «لا إله إلا الله» ဆိုသည်မှာ- အလ္လာဟ်အရှင်မြတ်မှတစ်ပါး မှန်ကန်သည့် ကိုးကွယ်ထိုက်သော အရှင်ဟူ၍ မရှိ။ "အလ်-အဇီမ်" «العظيم » ဆိုသည်မှာ- အရှင်မြတ်၏ ဇာတိတော်၊ ဂုဏ်တော်များ နှင့် လုပ်ဆောင်ချက်များ၌ ဂုဏ်သရေနှင့် ပြည့်စုံတော်မူသော၊ သာလွန်မြင့်မြတ်တော်မူသော အရှင်။ "အလ်-ဟလီမ်" «الحليم» ဆိုသည်မှာ- အပြစ်ကျူးလွန်သူအား ချက်ချင်း အပြစ်ဒဏ် မပေးဘဲ နောက်ဆိုင်းထားတော်မူ၏။ တစ်ခါတစ်ရံအပြစ်ဒဏ်ပေးရန် စွမ်းဆောင်နိုင်လျက်နှင့်လည်း ခွင့်လွှတ်တော်မူ၏။ စင်စစ် အရှင်မြတ်သည် အရာခပ်သိမ်းကို စွမ်းဆောင်နိုင်တော်မူသော အရှင်ဖြစ်တော်မူ၏။ "ရဗ္ဗုလ် အရ်ရှိလ် အဇွီးမ်" « رب العرش العظيم » ဆိုသည်မှာ- ကြီးကျယ်မြင့်မြတ်သည့် အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်သည်။ "ရဗ္ဗုစ်စမာဝါသိ ဝလ်အရ်ဿ်ွ" «رب السموات والأرض» ဆိုသည်မှာ- မိုးကောင်းကင်များ၊ မြေပထဝီများနှင့် ၎င်းတို့အတွင်းရှိ အရာအားလုံးကို ဖန်ဆင်းတော်မူသော၊ စိုးပိုင်တော်မူသော၊ ပြုပြင်ဖွဲ့စည်းပေးတော်မူသော၊ အလိုတော်ရှိသည့်အတိုင်း စီမံခန့်ခွဲတော်မူသော အရှင်သခင် ဖြစ်သည်။ "ရဗ္ဗုလ် အရ်ရှိလ် ကရီးမ်" «رب العرش الكريم» ဆိုသည်မှာ - ဂုဏ်သရေနှင့်ပြည့်စုံသော အရ်ရှ်ပလ္လင်တော်ကို ဖန်ဆင်းတော်မူသောအရှင် ဖြစ်သည်။