ဤသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) ၏ ဟဂ်ျ သို့မဟုတ် အွမ်ရဟ်ကျင့်စဥ်အတွင်း ဝင်ရန် ရည်ရွယ်သောအခါ ရွတ်ဆိုလေ့ရှိသော သလ်ဗီယဟ်ဖြစ်သည်။ لَبَّيْكَ اللَّهُمَّ لَبَّيْك (လဗ္ဗိုင်းက လ္လာဟုမ်မ လဗ္ဗိုင်းက) အို- အလ္လာဟ်အရှင်မြတ် အရှင့်ထံတော်သို့ အကြွင်းမဲ့ လာရောက်ပြီ ဖြစ်ကြောင်း၊ အရှင့်ဖိတ်ခေါ်တော်မူချက်ကို လက်ခံပြီးနောက် ထပ်မံ၍ လက်ခံပါ ကြောင်း၊ စိတ်ရင်းစေတနာဖြူစင်မှု၊ တစ်ဆူတည်းသောအရှင်ကို ယုံကြည်ခြင်း နှင့် ဟဂ်ျခရီးစဉ် အစရှိ သည်တို့ဆီသို့ အရှင့်ဖိတ်ခေါ်မှုတိုင်းကို လက်ခံပါကြောင်း (အဓိပ္ပာယ်ရသည်)။ (လဗ္ဗိုင်က လာ ရှရီကလစက္က လဗ္ဗိုင်က)- لَبَّيْكَ لَا شَرِيكَ لَكَ لَبَّيْكَ- ဆိုသည်မှာ အရှင်မြတ်သည် တစ်ဆူတည်းသော ခဝပ်ကိုးကွယ်ခြင်းကို ခံယူထိုက်သူဖြစ်ပြီး အရှင်မြတ်၏ ဖန်ဆင်းမှု၊ ခဝပ်ကိုးကွယ်ထိုက်သည့် အရှင်ဖြစ်မှု၊ နာမတော်များနှင့် ဂုဏ်တော်များတွင် တွဲဘက်ယှဉ်တွဲထိုက်သူဟူ၍ အလျှင်းမရှိပါဟု အဓိပ္ပာယ်ရသည်။ (အိန္နလ် ဟမ်ဒ ဝန်နီအ်မသလ ဝလ်မုလ်က)« إِنَّ الْحَمْدَ وَالنِّعْمَةَ لَكَ وَالْمُلْكَ لَا شَرِيكَ لَكَ»ဆိုသည်မှာ ဧကန်မလွဲ ကျေးဇူးတင်ခြင်းနှင့် ချီးမွမ်းခြင်းသည် (အရှင်မြတ်အတွက်သာ ဖြစ်သည်)။ နိအ်မသ်ကျေးဇူးတော်သည် အရှင်မြတ်ထံမှ လာပြီး အရှင်မြတ်သည် ၎င်းကို ပေးသနားတော်မူသောအရှင်ဖြစ်သည်။ (လက) အရှင်မြတ်အတွက်သာ ဖြစ်ပြီး အခြေအနေတိုင်းတွင် ဖြစ်ပေါ်နေသည်။ (ဝလ်မုလ်က) စိုးပိုင်မှုဟူသရွေ့သည်လည်း အလားတူပင် အရှင်မြတ်အတွက်သာ ဖြစ်သည်။ (လာ ရှရီက လက္က) အရှင်မြတ်နှင့် ယှဉ်တွဲကိုးကွယ်ထိုက်သူဟူ၍ အလျှင်းမရှိပါ။ ထို့ကြောင့် ဤအရာအားလုံးသည် တစ်ဆူတည်းသော အရှင်မြတ်အတွက်သာလျှင် ဖြစ်တော်မူပါသည်။ အဗ္ဗဒုလ္လာဟ် ဗင်န် အုမရ်(ရဿွိယလ္လာဟုအန်ဟုမာ) သည် ဤသလ်ဘီယဟ်တွင် အောက်ပါစကားလုံးများအား ထပ်ထိုး၍ ရွတ်ဆိုလေ့ရှိသည်- (လဗ္ဗိုင်က လဗ္ဗိုင်က ဝ ဆအ္ဒိုင်က) - لَبَّيْكَ لَبَّيك، وَسَعْدَيْكَ،- အရှင်မြတ်သည် ကျွန်တော်မျိုးအား ကံကောင်းခြင်း အကြိမ်ကြိမ် ပေးသနားတော်မူပါစေသတည်း။ (ဝလ်ခိုင်ရု ဗိယဒိုင်က) - وَالْخَيْرُ بِيَدَيْكَ - ကောင်းခြင်းမင်္ဂလာအားလုံးသည် အရှင်မြတ်၏ လက်တော်ထဲတွင်ရှိပြီး အရှင်မြတ်၏ ကျေးဇူးတော်ကြောင့် ဖြစ်သည်။ (လဗ္ဗိုင်က ဝရ်ရဂ်ဗာအု အိလိုင်က)- لَبَّيْكَ وَالرَّغْبَاءُ إِلَيْكَ - (ဆိုသည်မှာ) ဆန္ဒနှင့် တောင်းဆိုမှုသည် ကောင်းခြင်းဟူသမျှကို ပိုင်ဆိုင်တော်မူသော အရှင်မြတ်ထံ၌သာ ဖြစ်သည်။ (ဝလ်အမလု) - وَالْعَمَلُ - လုပ်ရပ်ဟူသရွေ့တို့သည် အရှင်မြတ်အတွက်သာ ဖြစ်သည်။ သို့ဖြစ်ပေရာ အရှင်မြတ်သည်သာလျှင် ခဝပ်ကိုးကွယ်ခြင်းကို ခံထိုက်တော်မူသော အရှင်ဖြစ်သည်။