တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတစ်ဦးသည် မည်သည့်အလုပ်မျိုးကိုမဆို လုပ်ကိုင်ရန်၊ ဥပမာ—သူသည် ကြိုးတစ်ချောင်းကိုယူ၍ ထင်းများကို စုစည်းကာ မိမိ၏ကျောပေါ်၌ ထမ်းပြီး လိုက်လံရောင်းချကာ (ရလာသည့် ငွေကြေးဖြင့် ) စားသောက်ခြင်း၊ သို့မဟုတ် ဆင်းရဲသားများကို လှူဒါန်းခြင်း၊ ၎င်းအားဖြင့် လူတို့ထံမှ လုံးဝလွတ်ကင်းစွာ ရပ်တည်နိုင်ခြင်းနှင့် လူတို့ထံ တောင်းရမ်းမှုကြောင့် အရှက်သိက္ခာကျရခြင်းအကျိုးမှ ကာကွယ်ခြင်းသည် လူတို့ထံ တောင်းရမ်းရသည်ထက် သာလွန်မြင့်မြတ်သည်ဟု ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ (အကြောင်းမှာ) လူတို့သည် ၎င်းအား ပေးခြင်ပေးနိုင်ပြီး၊ မပေးဘဲလည်း နေနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် လူတို့ထံ တောင်းရမ်းခြင်းသည် သိက္ခာမဲ့စေပြီး၊ မုအ်မင်န် (သက်ဝင်ယုံကြည်သူ) သည် ဂုဏ်သိက္ခာရှိသူဖြစ်ပြီး သိက္ခာမဲ့သူ မဟုတ်ပေ။