တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) က ကာဖိရ်တို့အား ဂျိဟာဒ်ပြုရန်နှင့် အလ္လာဟ်အရှင်မြတ်၏ စကားတော် မြင့်မားစေရန် ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ရင်ဆိုင်တိုက်ခိုက်ရန် အမိန့်ပေးတော်မူခဲ့သည်။ ထိုနည်းလမ်းများအနက် အချို့မှာ - ၁။ ၎င်းတို့အား တိုက်ခိုက်ရာတွင် ဥစ္စာပစ္စည်း သုံးစွဲခြင်း၊ (ဥပမာ-) လက်နက်များဝယ်ယူခြင်းနှင့် မုဂျာဟိဒ်များအတွက် သုံးစွဲခြင်း စသည်တို့ဖြစ်သည်။ ၂။ မိမိ၏အသက်နှင့်ကိုယ်ခန္ဓာကို စွန့်၍ ၎င်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်ရန်အတွက် ထွက်ခြင်း။ ၃။ နှုတ်လျှာဖြင့် ၎င်းတို့အား ဤအစ္စလာမ်သာသနာဘက်သို့ ဖိတ်ခေါ်ခြင်း၊ (၎င်းတို့မငြင်းနိုင်အောင်) ၎င်းတို့အပေါ် သက်သေအထောက်အထားများပြသခြင်း၊ ၎င်းတို့ကို ခြိမ်းခြောက်ခြင်းနှင့် ၎င်းတို့၏ (စောဓကများအား) ပြန်လည်ဖြေကြားခြင်း တို့ဖြစ်သည်။