တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် မည်သည့်အချိန်ဖြစ်စေ (မနက်ခင်း သို့မဟုတ် ညနေခင်း) တွင် ဝတ်ပြုကိုးကွယ်ရန်၊ သာသနာ့ပညာသင်ယူရန် သို့မဟုတ် အခြားသော ကောင်းမြတ်သည့် ရည်ရွယ်ချက်များဖြင့် ဗလီသို့ သွားရောက်သူအား အလ္လာဟ်အရှင်မြတ်က ဂျန္နတ်သုခဘုံ၌ နေရာထိုင်ခင်းနှင့် ဧည့်ခံကျွေးမွေးမှုများကိုအသင့်ပြင်ဆင်ထားတော်မူကြောင်း သတင်းကောင်းပေးတော်မူခဲ့သည်။ ထိုသူသည် မနက်တိုင်း သို့မဟုတ် ညနေတိုင်းတွင် ဗလီသို့ သွားပါက (အကြိမ်တိုင်းအတွက် ဤကြီးကျယ်သော ဆုလာဘ်ကို ရရှိမည်ဖြစ်သည်။)