တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က နေ့နှင့်ညတွင် ဆောက်တည်သော ဆွလာသ်ငါးကြိမ်သည် သေးငယ်သောအပြစ်အကုသိုလ်များ၊ မကောင်းမှုများကို ပယ်ဖျက်ခြင်းကို လူတစ်ဦး၏ တံခါးဝတွင် မြစ်တစ်ခုရှိပြီး ထိုမြစ်ထဲ၌ နေ့စဉ် ငါးကြိမ် ရေချိုးသည့်အခါ ၎င်း၏ ခန္ဓာကိုယ်တွင် အညစ်အကြေးတစ်စုံတစ်ရာ မကျန်ရှိတော့သည့် ပမာဖြင့် ခိုင်းနှိုင်းပြတော်မူခဲ့သည်။