တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းတင်ပြထားသည်မှာ အကြင်သူသည် ကိုယ်တော်မြတ်ထံတော်မှ ဟဒီးဆ်တော်တစ်ပုဒ်ကို ဆင့်ပြန်ရာ၌ ယင်းဟဒီးဆ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)နှင့်ပတ်သက်၍လိမ်လည်လုပ်ကြံထားသောဟဒီးဆ်ဖြစ်ကြောင်း သိရှိပြီး သိုမဟုတ် ထင်ရပြီး ဆင့်ပြန်ပါက ထိုဆင့်ပြန်သူသည် ဤလိမ်လည်မှုကိုစတင်ဖော်ထုတ်ခဲ့သူနှင့်အတူပါဝင်သူဖြစ်ကြောင်းသတ်မှတ်ရပေမည်။