တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ - အကယ် ၍ ကိုယ်တော်သည် မိမိအွမ္မသ်နောက်လိုက်သားများအနက် မုအ်မင်န်ယုံကြည်သူများအခက်အခဲနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်ခြင်းမရှိခဲ့လျှင်၊ကိုယ်တော်သည် ၎င်းတို့အား ဆွလားသ်တိုင်းအတွက် မိစ်ဝါက်သုံးစွဲရန် မဖြစ်မနေ တာဝန်ပေးအပ်ပြဋ္ဌာန်းခဲ့မည် ဖြစ်သည်။