တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် စဂ်ျဒဟ်ဦးချသည့်အခါ မိမိ၏ လက်နှစ်ဖက်ကို ဘေးဘက်သို့ ကားထားတော်မူသည်။ ကိုယ်တော်သည် လက်နှစ်ဖက်ကို အတောင်ပံနှစ်ခုပမာ ခန္ဓာကိုယ်နံဘေးမှ ခွာထားတော်မူရာ ဖြူဖွေးသည့် ချိုင်းနှစ်ဖက်ပါ ပေါ်လွင်နေသည်။ ဤသည် လက်နှစ်ဖက်ကို ဘေးနှစ်ဖက်မှ အလွန်ကွာဝေးစွားထားကြောင်းကို ဖော်ပြနေခြင်းဖြစ်သည်။ ဤသည် လက်မောင်းနှစ်ဘက်ကို ကိုယ်ခန္ဓာ ဘေးနှစ်ဘက်နှင့် ဝေးကွာအောင်ပြုလုပ်ရာတွင် အတိုင်းအထက်အလွန် ပုံကြီးချဲ့ထားသော ပုံစံတစ်မျိုးပင်ဖြစ်သည်။