တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အလ္လာဟ်အရှင်မြတ်၏ လူသားတို့အပေါ်ရှိ နိအ်မသ်ကျေးဇူးတော်များအနက်မှ ကြီးမားလှသော နိအ်မသ်ကျေးဇူးတော်နှစ်ပါးအကြောင်း မိန့်ကြားတော်မူခဲ့သည်။ ယင်းကျေးဇူးတော်နှစ်ပါးကို လူအများအပြားသည် ၎င်းတို့၏ သင့်လျော်သောနေရာ၌ အသုံးမချခြင်းကြောင့် ဆုံးရှုံးနစ်နာကြရသည်။ အကြောင်းမှာ လူတစ်ဦးသည် ကျန်းမာခြင်း၏ နိအ်မသ်ကျေးဇူးတော်နှင့် အားလပ်ချိန်၏ နိအ်မသ်ကျေးဇူးတော် နှစ်ခုလုံးကို ရရှိထားသော်လည်း အလ္လာဟ်အရှင်မြတ်အား အမိန့်နာခံမှု၌ ပျင်းရိခြင်းက ၎င်းအား လွှမ်းမိုးသွားခဲ့လျှင် ထိုသူသည် ဆုံးရှုံးနစ်နာသွားသူ ဖြစ်သည်။ ဤသည် လူအများစု၏ အခြေအနေပင်ဖြစ်သည်။ အကယ်၍ လူတစ်ဦးသည် မိမိ၏အားလပ်ချိန်နှင့် ကျန်းမာခြင်းကို အလ္လာဟ်အရှင်မြတ်၏ အမိန့်နာခံရာတွင် အသုံးချခဲ့လျှင် ထိုသူသည် အမြတ်အစွန်းရသွားသူ ဖြစ်သည်။ အကြောင်းမှာ လောကီသည် နောင်တမလွန်ဘဝအတွက် စိုက်ပျိုးရာမြေဖြစ်ပြီး၊ ယင်းလောကီ၌ ကုန်သွယ်မှုရှိသည်။ ထိုကုန်သွယ်မှု၏ အမြတ်သည် နောင်တမလွန်ဘဝတွင် ပေါ်လွင်ထင်ရှားမည်ဖြစ်သည်။ အားလပ်ချိန်ပြီးနောက် အလုပ်ရှုပ်ချိန် ရောက်လာတတ်ပြီး ကျန်းမာခြင်းပြီးနောက် ရောဂါဘယများ ရောက်လာတတ်သည်။အိုမင်းခြင်း ဆိုသည့်အရာတစ်ခုတည်းပင် လုံလောက်သော (သတိပေးချက်ဖြစ်သည်။)