တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဖိသ်နဟ်စမ်းသပ်မှုများဖြစ်ပေါ်လာချိန်၊ သွေးထွက်သံယိုမှုများနှင့် လူတို့၏ကိစ္စများ ရှုပ်ထွေးနေချိန်တွင် အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းနှင့် ၎င်းကို ဆုပ်ကိုင်ထားရန် လမ်းညွှန်တော်မူခဲ့သည်။ ထို့ပြင် ၎င်း၏ကုသိုလ်အကျိုးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံ ရွှေ့ပြောင်းခြင်းနှင့် တူညီသည်ဟု မိန့်ကြားထားသည်။ အကြောင်းမှာ ထိုအချိန်တွင် လူတို့သည် အေဗာဒသ်ခဝပ်ဆည်းကပ်ခြင်းမှ မေ့လျော့သွားကြပြီး တခြားအရာများတွင် အလုပ်ရှုပ်(မွေ့လျော)နေကြကာ လူအနည်းငယ်သာ ၎င်းအတွက် အချိန်ပေးနိုင်ကြသော ကြောင့် ဖြစ်သည်။