တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အသိပေးမိန့်ကြားထားသည်မှာ နူးညံ့သိမ်မွေ့မှုမရှိ သောသူသည် လောကီ၊ လောကုတ္တရာနှစ်ဌာန၌ဖြစ်စေ၊ မိမိ၏အရေးကိစ္စ၌ဖြစ်စေ၊ အခြားသူများနှင့်ဆက်ဆံသည့်အခါ၌ဖြစ်စေ ကောင်းခြင်းများမရရှိနိုင်သောကြောင့် ကောင်းခြင်းဟူသမျှမှ လက်မဲ့ဖြစ်သွားပေသည်။