တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆဲဟ်ရီစားသုံးရန် တိုက်တွန်းတော်မူခဲ့သည်။ ဆဟူးရ် ဆိုသည်မှာ ဆောင်မ်ဥပုသ်စောင့်ထိန်းရန်အတွက် ပြင်ဆင်သည့်အနေဖြင့် ည၏ နောက်ဆုံးအချိန်၌ စားသောက်ခြင်းကို ခေါ်ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဆဲဟ်ရီစားသုံးခြင်း၌ များပြားလှစွာသောကောင်းကျိုးများ၊ ည၏ နောက်ဆုံးအချိန်တွင် ဝတ်ပြုဆုတောင်းရန် နိုးထရခြင်း၊ ဆောင်မ်ဥပုသ်စောင့်ထိန်းရန် အင်အားရရှိခြင်း၊ ဆောင်မ်ဥပုသ်စောင့်ထိန်းခြင်းကို လန်းဆန်းတက်ကြွစွာဆောင်ရွက်နိုင်ခြင်းနှင့် ဆောင်မ်ဥပုသ်၏ ခက်ခဲမှုကို လျှော့ချပေးနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ပါဝင်သောကြောင့် ဖြစ်သည်။