တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် အမဲလိုက်ခြင်း၊ တိရစ္ဆာန်များနှင့် သီးနှံများကို စောင့်ရှောက်ကာကွယ်ရန်မှတစ်ပါး အခြားလိုအပ်ချက်များအတွက် ခွေးမွေးခြင်းကို သတိပေးတားမြစ်ထားသည်။ ထိုသို့လိုအပ်ချက်မရှိဘဲ ခွေးမွေးသူသည် နေ့စဉ် မိမိ၏ ကောင်းမှုအကျိုးမှ ကီရာသွ်နှစ်ခု လျော့နည်းသွားသည်။ ကီရာသွ်၏ တိတိကျကျပမာဏကို အလ္လာဟ်အရှင်မြတ်သာ လျှင် သိရှိတော်မူသည်။